ကျွန်ုပ်တို့အကြောင်း

“ကံကောင်းခြင်းရတနာကုမ္ပဏီသည် မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေအတိုင်း ကုန်သွယ်ရေး၊ ဟိုတယ်လုပ်ငန်း နှင့် စီမံခန့်ခွဲမှုများကို လုပ်ဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်တွင် အထပ်သားထုတ်လုပ်ခြင်း လုပ်ငန်းစတင်ခဲ့ပြီး အရည်အသွေးမြင့် ပါကေး၊ အထပ်သား၊ veneer နှင့် Formica တို့ကိုထုတ်လုပ်ခဲ့သည်။ ကျွန်ုပ်တို့ စက်ရုံများမှာ မန္တလေး၊ မုံရွာ၊ ကျောက်ဆည်၊ စစ်ကိုင်း၊ ရွှေပြည်အေး နှင့် ဘီလင်း တို့တွင် တည်ရှိပါသည်။ ထိုမှတဆင့် အတွေ့အကြုံများ စုဆောင်းကာ ရန်ကုန်နှင့် မန္တလေးတို့၏ အိမ်ခြံမြေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အိမ်ခြံမြေကွန်ဒိုလုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင်စတင်ခဲ့သည်။ မြန်မာနိုင်ငံစီးပွားရေး ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု GDP တိုးလာစေရန်နှင့် စက်မှုဘဏ္ဍာရေးအသွင်ကူးပြောင်းစေရန် ဘဏ္ဍာရေးနှင့်သက်ဆိုင်သောလုပ်ငန်း များလည်း တိုးချဲ့လုပ်ဆောင်လျက်ရှိပါသည်။ နှစ်ပေါင်းများစွာလုပ်ကိုင်လာသော အတွေ့အကြုံ ခိုင်မာသောမိသားစုစိတ်ဓာတ်၊ ကောင်းမွန်သောစီမံခန့်ခွဲမှုများဖြင့် လုပ်ဆောင်လာရာမှ ယနေ့ဝန်ထမ်းပေါင်း 8000 ကျော်ရှိသော “Jewellery Luck Group of Companies.” ဖြစ်လာပါတော့သည်။”