ကံကောင်းခြင်းရတနာ ပညာရေးဖောင်ဒေးရှင်း

– ကံကောင်းခြင်းရတနာပညာရေးဖောင်ဒေးရှင်းကို 2015 ခုနှစ်၊ မတ်လ (10) ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ – ကံကောင်းခြင်းရတနာပညာရေးဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ – (1) ပညာလိုလားသော်လည်း ငွေကြေးမပြည့်စုံမှုကြောင့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေကြသော ထူးချွန်ထက်မြတ်ရ် ကြိုးစားသူများအား ကူညီရန်၊ (2) မိမိတို့ ကုမ္ပဏီအတွင်းရှိ ၀န်ထမ်းများ၏ သားသမီးများ ပညာရေးကောင်းမွန်စွာ သင်ကြားနိုင်ရန်အတွက် လစဉ် ရံပုံငွေထားရှိကာ လိုအပ်သလိုကူညီရန်၊ (3) အခြေခံပညာ မူလတန်းမှ အထက်တန်းအဆင့်ထိ ပညာသင်ထောက်ပံ့ကြေးငွေ လိုအပ်သော ကျောင်းသား/သူများအား လိုအပ်သောထောက်ခံချက်များရယူကာ လစဉ်ထောက်ပံ့ကြေးငွေများ စနစ်တကျကူညီရန်၊ (4) ကျေးရွာ၊ မြို့နယ်၊ တိုင်း ဒေသအသီးသီးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ပညာသင်ယူရန် အခက်အခဲရှိသူများအား ပညာဆက်လက်သင်ကြားနိုင်ရန်နှင့် အရည်အသွေးပေါ်မူတည်ရ် သင့်လျော်သော အလုပ်အကိုင်အခွင့်အလမ်းများ ကူညီရန်၊ (5) မြို့နယ်များနှင့် အလှမ်းကွာဝေးသော စာသင်ကျောင်းမရှိသေးသည့် ကျေးရွာများတွင် အခြေခံပညာ စာသင်ကျောင်းများ၊ စာကြည့်တိုက်များ ဆောက်လုပ်လှူဒါန်း ကူညီရန်၊ တို့ ဖြစ်ပါသည်။ – ကံကောင်းခြင်းရတနာပညာရေးဖောင်ဒေးရှင်းအနေဖြင့် ကုမ္ပဏီ ၀န်ထမ်းမိသားစုများနှင့် အခြားအများပြည်သူများသို့ အကူအညီလိုအပ်သည့် နေရာတိုင်းတွင် ပညာရေးကိုသာမက ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများကိုပါ တက်စွမ်းသမျှ ပါဝင်ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။