မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေး တို့အတွက် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေအတို့မှကြီးမှူး၍ Telecom International Myanmar Co., Ltd (Mytel) မှ အဓိကကူညီပံ့ပိုးမှုဖြင့် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲ (တတိယ) ပြိုင်ပွဲ (စတုတဿ)နေ့ ပြိုင်ပွဲအား ၂၀၁၉ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် Dagon Golf City ဂေါက်ကွင်း ရန်ကုန်မြို့၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက်ကျင်းပပြုလုပ်ရာ Myanmar Golf Tour ကိုယ်စားမြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးမျိုးသီဟ က ပြိုင်ပွဲအားလက်ခံ ကျင်းပပေးပါသော Dagon Golf City ဂေါက်ကွင်းသို့အမှတ်တရလက်ဆောင်နှင့်လှူဒါန်းငွေကျပ်သိန်း(၂၀)ကိုလည်းကောင်း၊ ပြိုင်ပွဲအား အဓိကကူညီပံ့ပိုး ပေးသော Telecom International Myanmar Co., Ltd (Mytel) အား အမှတ်တရဂုဏ်ပြုလက်ဆောင် အသီးသီးပေးအပ်ရာ Dagon Golf City ဂေါက်ကွင်းမှ Project Director ဦးမောင်မောင်ကျော် ကလက်ခံ၍ Telecom International Myanmar Co., Ltd (Mytel) မှ Director Mr. Duong Van Toan တို့ကလက်ခံသည်။ ထို့နောက် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်မှ ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင်စုစုပေါင်းရိုက်ချက် (၂၆၆)ဖြင့်ဒုတိယရရှိခဲ့သော ခင်မေသန်း နှင့်စုစုပေါင်းရိုက်ချက် (၂၄၈)ချက်ဖြင့်ပထမရရှိခဲ့သော မေဦးခိုင် တို့အား ဆုများချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက်(၂၈၈)ချက်ဖြင့် ဒုတိယရရှှိခဲ့သော လွင်မိုးနှင့် စုစုပေါင်းရိုက်ချက်(၂၈၇)ဖြင့် သတ်မှတ်ရိုက်ချက်ထက် (၁)ချက်လျော့ဖြင့်(ပထမ)ရရှိခဲ့သော မောင်မဲ တို့အား မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ဦးသန့်ဆွေက ပေးအပ်သည်။ ဆက်လက်၍ ပညာရှင်အဆင့်ပြိုင်ပွဲတွင်သတ်မှတ်ရိုက်ချက်ထက်(၁၅)ချက်လျော့ရိုက်ကာစုစုပေါင်းရိုက်ချက် (၂၇၃) ဖြင့်ပထမရရှိသွားသော ဘိုဘို (HAN Golf Academy) အား မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဦးဝင်းလှိုင်မှ ဂုဏ်ပြုဆုအား လည်းကောင်း၊ Telecom International Myanmar Co., Ltd (Mytel)မှ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်စိုးမှ ဆုကြေး ငွေချက်လက်မှတ်အားလည်းကောင်းပေးအပ်ချီးမြှင့်သည်။ ၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက် ပြိုင်ပွဲတွင် Myanmar Zwe Mann Co., Ltd, MWD Bank, Telecom International Myanmar Co., Ltd (Mytel), SAE PAING Development Ltd, Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank တို့မှအဓိကကူညီပံ့ပိုးပေးထားသည်။