Trusty Family Co.,Ltd. မှ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအတွက် အလှူငွေလှူဒါန်းခြင်း

 

Description

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ ၁၉ရက် (စနေနေ့) ရန်ကုန်တိုင်းရုံးနှင့် ကျိုက္ကစံ ပဌမ ရွှေကျင်တိုက်သစ်ခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းနှင့်ခရိုင်အသင်းများအား အလံပေးအပ်ပွဲနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ ကတိသစ္စာခံယူပွဲ အခမ်းအနားကြီးအား ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ (ဗဟို) ဥက္ကဌ ဒေါ်ယဉ်မေထွန်းမှ အဖွင့်အမှာစကားပြောကြားကာ အသင်းဖြစ်မြောက်ရေးကော်မတီ ဒေါ်ခင်မိမိကြွယ်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း တိုင်းနှင့်ခရိုင်အသင်းများ ဖွဲ့စည်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်အလှူရှင်များမှ အလှူငွေများပေးအပ်ကြရာ Trusty Family Co.,Ltd. မှမြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအတွက် အလှူငွေ ကျပ်သိန်းနှစ်ဆယ်တိတိ (၂ဝသိန်း) တိတိအားလှူဒါန်းခဲ့ ပါသည်။

” လဲနေသူထူပေးဖို့ ပြည်သူ့အားဖြင့် လက်ကမ်းလို့ စုပေါင်းဆောင်ရွက်ကြပါစို့ ”