26ရက် ဇန်နဝါရီလတွင် စနေနေ့ ညနေခင်းတွင် Myanmar One Belt One Road အဖွဲ့ ၏ တရုတ်နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့  သုဝဏ္ဏအားကစားဝန်းအတွင်းရှိ Furama Seafood Restaurant တွင်ကျင်းပခဲ့ပါသည်။ ဝန်ကြီးဋ္ဌာနများမှ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ One Belt One Road အဖွဲ၏ ဥက္ကဋ္ဌ၊ JL Group of Companies ၏ ဥက္ကဌ၊ တရုတ်မြန်မာစီးပွားရေးအဖွဲ့အစည်းကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ အဖွဲအစည်းများ၊ ဧည့်သည်တော်များ၂၀၀ကျော်တက်ရောက်ခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊အကနှင့်သီဆိုဖျော်ဖြေမှုများ၊ကံစမ်းမဲအစီအစဉ်များနှင့်ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။
Myanmar One Belt One Roadအဖွဲ့ ၏ ဥက္ကဋ္ဌမှ ပြီးခဲ့သောနှစ်အတွင်း အဖွဲ့ အစည်းအား တစ်နှစ်ပတ်လုံးကူညီထောက်ပံပေးသူများအားကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
2019ခုနှစ်တွင်လည်း Chairmanဦးကျော်စိန်နှင့်အတူ တရုတ်မြန်မာစီးပွားရေး ပိုမိုဖွံဖြိုးတိုးတက်လာအောင်ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါပွဲတွင် Myanmar One Belt One Road နှင့် စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံအတွက်အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်အတွက် Trusty Network မှ သိန်း(၁၀၀)၊ Myanmar One Belt One Road အဖွဲ့ အစည်းမှ သိန်း(၄၀)၊ UPI Construction မှ (၁၀)သိန်း၊ စုစုပေါင်းအားဖြင့် သိန်း(၁၅၀) လှူဒါန်းခဲ့ပါသည်။
ပွဲအတွင်း တက်ရောက်သူများအား Trusty E-Commerce မှ RedPacket အနေဖြင့် 10,000ကျပ် ပေးအပ်ခဲ့ပြီး နှစ်သစ်ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။