MPT Partners’ Golf Tournament 2019

 

Description

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ၊ (၁၉) ရက်၊ စနေနေ့ တွင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ Dagon Golf City တွင် MPT Partners’ Golf Tournament 2019 ပွဲကြီးအား ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတွင် Trusty Family Co.,Ltd မှ Vice Chairman ဦးသောင်းထိုက်မင်းနှင့် Executive Director ဦးမင်းမျိုးသန့်တို့မှ တက်ရောက်ခဲ့ပြီး ဝင်ရောက်ယှဥ်ပြိုင် ကစားခဲ့ပါသည်။

MPT Partners’ Golf Tournament 2019 ကို အောက်တိုဘာ (၁၉) ရက်နေ့ နံနက် ၆နာရီမှ စတင်ကျင်းပခဲ့ရာ  Executive Director ဦးမင်းမျိုးသန့်မှ Winner ဆုအပြင် Most Par ဆုကို ပါ၁၄လုံးဆုနှင့် ရိုက်ချက်အနည်းဆုံးဆု(Gross Score) တို့ကိုရရှိခဲ့ပြီး Vice Chairman ဦးသောင်းထိုက်မင်းမှလည်း ဒုတိယဆုကို အသီးသီးဆွတ်ခူးရရှိပြီး ယခုကဲ့သို့ ဆွတ်ခူးရရှိသွားခြင်းအား Trusty Family Co.,Ltd. မှဂုဏ်ယူဝမ်းမြောက်မိပါသည်။