2019ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် (71)ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကို ကြိုဆိုသောအားဖြင့် JL group of companies ၏ ဘီးလင်းအထပ်သားစက်ရုံတွင် လွတ်လပ်ရေးနေ့ ပျော်ပွဲရွင်ပွဲများ ကျင်းပခဲ့ပါသည်။
အဆိုပါပွဲတွင် အားကစားပြိုင်ပွဲများနှင့် အကပြိုင်ပွဲများကို စက်ရုံဝန်ထမ်းများနှင့်မိသားစုများမှ ပျော်ရွင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂုဏ်ပြုဆုပေးအပ်ခြင်းများပြုလုပ်ခဲ့ပါသည်။
JL group of companies ၏ ဘီးလင်းစက်ရုံဝန်ထမ်းများလည်း ဒီထပ်မကပိုမိုပျော်ရွင် တိုးတက်ကြီးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။