မွန်ပြည်နယ်၊ သံဖြူဇရပ် သစ်ပါးလွှာစက်ရုံနှင့်သစ်ခွဲသားစက်ရုံ စုပေါင်းမဟာဘုံကထိန်

Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in _menu_load_objects() (line 579 of /home/jlgroupm/public_html/includes/menu.inc).
 

Description

JL Group of Companies ၏ ဥက္ကဋ္ဌဦးကျော်စိန်နှင့်ဇနီးဒေါ်အားကြူ၊ BOD အဖွဲ့ဝင်များအား အမှူးထား၍ မွန်ပြည်နယ်၊ သံဖြူဇရပ် သစ်ပါးလွှာစက်ရုံနှင့်သစ်ခွဲသားစက်ရုံ ပူးပေါင်း၍ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ရေစက်ချအမျှဝေ အလှူပေးပွဲအခမ်းအနားကို ၂၇ရက် အောက်တိုဘာလ ၂၀၁၉ခုနှစ်၌ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်စံပြကျေးရွာရှိ “မာလာရုံကျောင်းတိုက်” တွင် ကျင်းပခဲ့ပါသည်။

ထိုအလှူပေးခြင်းအခမ်းအနားတွင် လှူဒါန်းသမျှ ကို ရေစက်သွန်းချအမျှဝေခြင်း၊ တရားနာခြင်း၊ သံဃာတော်များကို ဆွမ်းကပ်ခြင်းများပြုလုပ်ခဲ့ပြီး ပွဲအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဦးသောင်းဌေး၊ သံဖြူဇရပ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် နှင့် ဖိတ်ကြားထားသော ဧည့်သည်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး စုံလင်စွာတက်ရောက်ခဲ့ပါသည်။