JLG မှ နိုင်ငံတော်ကိုယ်စားပြုအဖွဲ့အစည်းများ၌ ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း

 

Description

မြန်မာ့ရေကူးအားကစားနည်းနှင့် လှေလှော်အားကစားနည်းတို့၏ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာရေကူးပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲများတွင် အောင်မြင်မှုများဆွတ်ခူးရရှိနိုင်ရေးအတွက် အမျိုးသားအားကစားကော်မတီကြီးကြပ်မှုဖြင့် အသစ်ပြင်ဆင်ပြောင်းလဲဖွဲ့စည်းသော အဖွဲ့အစည်းတွင် JLG မှ ပါဝင်ကူညီနိုင်ခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တွင် နာယကအဖြစ်  ဥက္ကဋ္ဌဦးကျော်စိန် ၊ အလုပ်အမှုဆောင်အဖွဲ့တွင်ဥက္ကဋ္ဌအဖြစ် ဒုဥက္ကဋ္ဌဦးသောင်းထိုက်မင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် GM ဦးစန်းဝင်းဇော်တို့ကလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးသောင်းထိုက်မင်း၊ ဒုဥက္ကဋ္ဌအဖြစ် Golden City မှ Mr.Lai Xue Jun တို့က လည်းကောင်း အသီးသီးတာဝန်ယူသွားမည်ဖြစ်သည်။