CSR Activities

 

ကံကောင်းခြင်းရတနာကုမ္ပဏီသည် စည်းလုံး၊ တည်ငြိမ်၊ တိုးတက် ဟူသောဆောင်ပုဒ်နှင့်အညီ ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်စေရန်သာမက မြန်မာနိုင်ငံသားများအားလုံး တိုးတက်စေရန် ရည်ရွယ်ပါသည်။ ကံကောင်းခြင်းရတနာကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းတိုင်းနှင့် လက်အောက်ခံကုမ္ပဏီ တစ်ခုစီတိုင်းမှ ကုမ္ပဏီ၏ရည်ရွယ်ချက်နှင့်အညီ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ CSR ဆိုသောအသုံးအနှုန်းမှာ ယနေ့တွင် ခေတ်စားလာသော်လည်း သူ၏သဘောတရားမှာ ကျွန်ုပ်တို့အတွက်တော့ အသစ်အဆန်း မဟုတ်တော့ပါ။ ကံကောင်းခြင်းရတနာကုမ္ပဏီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးလှုပ်ရှားမှုများကို ၂၀၁၃ ခုနှစ်မှစ၍ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Chairman, Vice Chairmen နှင့် BOD အဖွဲ့ဝင်များအားလုံး၏ လမ်းညွှန်မှုအောက်တွင် လူထုအကျိုးစီပွားအတွက် ပိုမိုထိရောက်အောင် ကျွန်တော်တို့အားလုံးအတူတကွ ဆောင်ရွက်သွားမည်သာဖြစ်ပါတော့သည်။