Awards

 

Description

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသော 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးသည် လူမှတစ်ဆင့်လူသို့ ကူးစက်ပြီး ရောဂါပိုးကူးစက်ခံရသူ အရေအတွက်မြင့်တက်လာ၍ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီ ၂၂ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို ဆွေးနွေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 

English
 

Description

JL Group Of Companies ၏ စစ်ကိုင်းစက်ရုံအတွက် မီးသတ်နှင့် ပတ်သက်သည့်သင်တန်းများ ပို့ချပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်မှုနှင့် ဟန်ရေးပြလေ့ကျင့်မှုများပြုလုပ်ပွဲကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတွင် စစ်ကိုင်းတိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် စစ်ကိုင်းတိုင်းမြို့နယ် မီးသတ်ဦးစီးမှူးဦးမျိုးသူအောင်တို့မှ ဦးဆောင်ကာ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖွဲ့စည်း၍ စစ်ကိုင်းစက်ရုံ၏ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများအတွက် အကြိုအခြေခံမီးသတ်ပညာသင်တန်းကိုပို့ချခဲ့ပါသည်။

English
 

Description

JL Group of Companies ၏ ဥက္ကဋ္ဌဦးကျော်စိန်နှင့်ဇနီးဒေါ်အားကြူ၊ BOD အဖွဲ့ဝင်များအား အမှူးထား၍ မွန်ပြည်နယ်၊ သံဖြူဇရပ် သစ်ပါးလွှာစက်ရုံနှင့်သစ်ခွဲသားစက်ရုံ ပူးပေါင်း၍ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ရေစက်ချအမျှဝေ အလှူပေးပွဲအခမ်းအနားကို ၂၇ရက် အောက်တိုဘာလ ၂၀၁၉ခုနှစ်၌ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ်စံပြကျေးရွာရှိ “မာလာရုံကျောင်းတိုက်” တွင် ကျင်းပခဲ့ပါသည်။

English
 

Description

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၊ ၁၉ရက် (စနေနေ့) ရန်ကုန်တိုင်းရုံးနှင့် ကျိုက္ကစံ ပဌမ ရွှေကျင်တိုက်သစ်ခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းနှင့်ခရိုင်အသင်းများအား အလံပေးအပ်ပွဲနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ ကတိသစ္စာခံယူပွဲ အခမ်းအနားကြီးအား ကျင်းပခဲ့ပါသည်။

English
 

Description

၂၀၁၉ခုနှစ်၊ အောက်တိုဘာလ၊ (၁၉) ရက်၊ စနေနေ့ တွင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ Dagon Golf City တွင် MPT Partners’ Golf Tournament 2019 ပွဲကြီးအား ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတွင် Trusty Family Co.,Ltd မှ Vice Chairman ဦးသောင်းထိုက်မင်းနှင့် Executive Director ဦးမင်းမျိုးသန့်တို့မှ တက်ရောက်ခဲ့ပြီး ဝင်ရောက်ယှဥ်ပြိုင် ကစားခဲ့ပါသည်။

English
 

Description

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် JL Group of Myanmar ၏ ကုမ္ပဏီခွဲဖြစ်သော Top Ten Star Company ၏ ဦးသန်းထွန်းနှင့် ဇနီးဒေါ်ခင်မြတ်မွန်တို့မှဦးဆောင်၍ မိသားစုအဖွဲ့ဝင်များမှ ကထိန်ခင်းခဲ့ပါသည်။ 

 

 ညအချိန်တွင် Top Ten Star Company ၏ လျှပ်စစ်မီးရရှိမှု အောင်ပွဲ(၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မီးပုံးပျံကိုလည်း လွှတ်တင်ခဲ့ပါသည်။ 

 

English
 

Description

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရေး တို့အတွက် မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့မှကြီးမှူး၍ Telecom International Myanmar Co.,Ltd (Mytel) မှ အဓိကကူညီပံ့ပိုးမှုဖြင့် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲ (တတိယ) ပွဲစဉ် (စတုတ္တ)နေ့ ပြိုင်ပွဲအား ၂၀၁၉ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် Dagon Golf City ဂေါက်ကွင်း ရန်ကုန်မြို့၌ ဆက်လက်ကျင်းပသည်။

English
 

Description

18.1.2019 ရက်နေ့တွင် Dagon Golf City တွင် MBL ၏ Superhero Night, Staff Party ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲကြီးတွင် 
လူအင်အားက ၁၅၀၀ ခန့် လာရောက်ခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

English
 

Description

2019ခုနှစ်​ ဇန်​နဝါရီလ ၄ရက်​​​​နေ့တွင်​ (71)ကြိမ်​​မြောက်​လွတ်​လပ်​​ရေး​နေ့ ကို ကြိုဆို​သောအားဖြင့်​ JL group of companies ၏ ဘီးလင်းအထပ်​သားစက်​ရုံတွင်​ လွတ်​လပ်​​ရေး​နေ့ ​ပျော်​ပွဲရွင်​ပွဲများ ကျင်းပခဲ့ပါသည်​။

အဆိုပါပွဲတွင်​ အားကစားပြိုင်​ပွဲများနှင့်​ အကပြိုင်​ပွဲများကို စက်​ရုံဝန်​ထမ်းများနှင့်​မိသားစုများမှ ​ပျော်​ရွင်​စွာ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ပြီး ဂုဏ်​ပြုဆု​ပေးအပ်​ခြင်းများပြုလုပ်​ခဲ့ပါသည်​။

JL group of companies ၏ ဘီးလင်းစက်​ရုံဝန်​ထမ်းများလည်း ဒီထပ်​မကပိုမို​ပျော်​ရွင်​ တိုးတက်​ကြီးပွားပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်းအပ်​ပါသည်​။

English

Pages